ဟင်္သာတမြို့နယ်တွင် ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် ဝှီးချဲ၊ ဂျိုင်းထောက်၊ တုတ်ကောက် များ အခမဲ့ပေးအပ်လှူဒါန်း

ဟင်္သာတ စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ရန်ကုန်မြို့ ခိုင်နှင်းဝေ ပရဟိတအသင်းနှင့် အလှူရှင်များ စုပေါင်း၍ ဟင်္သာတခရိုင်တွင်းရှိကိုယ်အင်္ဂါမသန်စွမ်းသူများ အတွက် ဝှီးချဲ၊ ဂျိုင်းထောက် ၊ တုတ်ကောက်များ လှူဒါန်းပွဲကို ယနေ့နံနက်( ၁၁ ) နာရီခွဲ အချိန်က ဟင်္သာတမြို့ ဆကာရပ်ကွက်၊ ဗိုလ်မြတ်ထွန်းလမ်း မစိုးရိမ်ဘုန်းတော်ကြီး ကျောင်းတိုက်တွင် အခမဲ့ ပေးအပ်လှူဒါန်းခဲ့​ပါသည်။

အခမ်းအနားတွင် ခရိုင်လူမူဝန်ထမ်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မေဝင်းကျော်မှ နုတ်ခွန်းဆက်အမှာစကား ပြောကြားကာ ခရိုင်မသန်စွမ်းအသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်မှ မသန်စွမ်းအသင်း၏ ဖွဲ့စည်းပုံနှင့် ရည်ရွယ်များကို ရှင်းလင်းတင်ပြပြီးနောက် အလှူရှင်များကိုယ်စား ခိုင်နှင်းဝေ ပရဟိတ အသင်းမှ ဒေါ်ခိုင်နှင်းဝေက လှူဒါန်းရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ ပစ္စည်းများကို လှူဒါန်းပေးခဲ့ပါသည်။

ဟင်္သာတခရိုင်အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းသူများကို ပံ့ပိုးကူညီပြီး ၎င်းတို့၏ စိတ်ဓါတ်နှင့် စွမ်းရည်မြင့်မား လာစေရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကိုယ်အင်္ဂါမသန်စွမ်းသူ များအတွက် ဝှီးချဲ(၂၇)စီး ၊ဂျိုင်းထောက် ( ၆) စုံ ၊ တုတ်ကောက် ( ၁၀ ) ချောင်းနှင့် အစားအစာနှင့် ဆေးဝါးများကို ပေးအပ်လှူဒါန်းနိုင်ခဲ့ပြီဖြစ်ကြောင်း  ခရိုင် ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်း  ဥက္ကဋ္ဌ ဦးဝင်းမြင့်ထံမှ သိရသည်။

ကိုဇော်