မြောင်းမြမြို့နယ် ကျေးရွာ၊ ကျောင်းစာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ လှူဒါန်း

မြောင်းမြ အောက်တိုဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ ကျေးရွာ၊ ကျောင်းစာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် (၁၁)နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြောင်းမြခရိုင် အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်စန္ဒာကြည်က ကျေးရွာနေပြည်သူများ စာဖတ်သည့် အလေ့အထ ပိုမိုရရှိစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ စာအုပ်စာစောင်များ လှူဒါန်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြောင်းမြခရိုင် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးနှင့် တာဝန်ရှိသူများက ကျေးရွာ၊ ကျောင်းများရှိ စာကြည့်တိုက် (၁၈)တိုက်အတွက်စာအုပ်၊ စာစောင် (၁၉၀၂)အုပ်အား စာကြည့်တိုက်တာဝန်ခံများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကေခိုင်စိုး