ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုး‌တွေ့လူနာသစ် ၉ ဦးထပ်မံ‌တွေ့ရှိ၊ ၁ ဦး သေဆုံး၊ ၅ ဦး ပြန်လည်ကျန်းမာလာ

ဟားခါး အောက်တိုဘာ ၁၅

ဟားခါးမြို့တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး‌တွေ့လူနာသစ် ၉ ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် လူနာများအနက် ၁ ဦးသေဆုံးကာ ၅ ဦး ပြန်လည် ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။  

သံသယရှိသူ ၄၆ ဦးကို RDT Test Kit ဖြင့် စစ်ဆေးရာ ၉ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး‌ တွေ့ရှိခြင်း ဖြစ်သည်။ ဟားခါးမြို့နယ်တွင် ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ ရောဂါပိုးတွေ့လူနာ ၁၁၉၉ ဦး၊  ဆေးရုံဆင်းခွင့်ရသူ ၁၀၂၁ ဦး၊ သေဆုံးသူ ၃၄ ဦး၊ ဆေးကုသမှုခံယူဆဲ ၁၄၄ ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။

ခရိုင်