မြန်အောင် အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲနှင့် ဆန်၊ ပဲဆီသန့်၊ ကြက်ဥ၊ ပဲ၊ကြာဇံ၊ ကြက် သွန်နီ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက ဝန်ထမ်းမိသားစုများ စားဝတ်နေရေး အဆင်ပြေစေရန် စားသောက်ကုန်များ ထောက်ပံ့ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မိသားစု စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ဇနီးဒေါ်သင်းလှိုင်ဦးက ဝန်ထမ်းမိသားစုများ လူမှုရေး၊ ကျန်းမာရေးအခက်အခဲများ ရှိပါက ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးနိုင်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ ဆက်လက်ကျင်းပပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက် တို့က မြို့နယ်ရုံးဝန်ထမ်းများအား ဆန်၊ ပဲဆီသန့်၊ ကြက်ဥ၊ ပဲ၊ ကြာဇံ၊ ကြက်သွန်နီတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဝင်းဗိုလ်