မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် အသိပေးနှိုးဆော်

မယ်စဲ့ အောက်တိုဘာ  ၁၅

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှု လျော့ပါးစေရေးအတွက် နိုင်ငံတော်အစိုးရ အနေဖြင့် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိပြီး တိုင်းဒေသကြီး၊ ပြည်နယ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် အသိပေးနှိုးဆော်ခြင်း လုပ်ငန်း များကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင်လည်း ယမန်နေ့က မြောက်ပိုင်း ရပ်ကွက်၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မယ်စဲ့ ဂရုဏာရှင် လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများကို “ကိုရိုနာဗိုင်းရပ်စ်ရောဂါ မိမိကစ၍ ကာကွယ်ပါ” ဆောင်ပုဒ်အတိုင်း အားလုံးကိုယ်စီ မဖြစ်မနေ လိုက်နာဆောင်ရွက်ကြရမည့် ကျန်းမာရေးလမ်းညွှန်ချက်များအား မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့်  အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)