ရှမ်းရွာသစ်မြို့၌ "ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့" အသိပညာပေး နံရံကပ်စာစောင်ပြသ

ရှမ်းရွာသစ် အောက်တိုဘာ ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ဒေသနေပြည်သူများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ပြီး အသိပညာ ဗဟုသုတ ရရှိစေရန်ရည်ရွယ်ပြီး အသိပညာပေး နံရံကပ်စာစောင် များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် "ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးကြပါစို့" အသိပညာပေး နံရံကပ်စာစောင်များကို ပြသ ဆောင်ရွက်ထားကြောင်း သိရှိရသည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ နှာခေါင်းစည်း (Mask) များကို စနစ်တကျ တပ်ဆင်ရေး၊ ကိုဗစ်-၁၉ ရောဂါ လက္ခဏာများစသည့် အသိပညာပေး အကြောင်းအရာများ၊ ဆရာ၊ ဆရာမများ ကြိုတင် ဆောင်ရွက်ရမည့် သင်ကြားသင်ယူရေးနှင့် ပတ်သက်၍ အသိပေးနှိုးဆော်ချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး၏ နောက်ဆက် တွဲပြဿနာများ၊ ဆရာ၊ ဆရာမများ ကြိုတင်ဆောင်ရွက် ရမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ အသိပေးနှိုးဆော် ချက်များ၊ ကာကွယ် ဆေးဖြင့်လွှမ်းခြုံအပ်သော အနာဂါတ်ပန်းခင်းများဆီသို့ အသိပညာပေး ဆောင်ပုဒ်များ၊ ကိုဗစ်-၁၉ ရောဂါ မပြင်းထန် ရခြင်း အကြောင်းအရင်းများ၊ ကာကွယ်ဆေးမထိုးနှံပေးရမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ကလေးသူငယ်နှင့် ကိုဗစ်ရောဂါ အသိပညာပေး အကြောင်းအရာများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက်  ရုံးရှေ့မြေစိုက်နံရံကပ် ပြဘုတ်တွင် ပြသဆောင်ရွက်ထားကြောင်း သိရှိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)