ဘူးသီးတောင် အောက်တိုဘာ ၁၆
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ အသက် (၅၅) နှစ် အထက်နှင့် ဦးတည်အုပ်စု အကျုံးဝင်သည့် ပြည်သူ(၁၈၅)ဦးတို့အား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီ အချိန်က အမှတ်( ၅) ရပ်ကွက်အထက(၂)စာသင် ကျောင်း၊ အမှတ်( ၄)ရပ်ကွက် အလက(၂)၊ အမှတ်( ၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးစုရပ်တို့၌ စတင်ထိုးနှံလျက်ရှိကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးရန်လာရောက်သည့် အသက်( ၅၅) နှစ်အထက်နှင့် ဦးတည်အုပ်စု အကျုံးဝင်သည့် ပြည်သူများအား စာရင်းများပြုစုခြင်း၊ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်းချိန် တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ကာ ကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးနှံပေးပြီး၊ ကာကွယ်ဆေး ထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့်အနားယူစေခြင်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံနေမှုများကို ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)