မေး။ ဆရာရှင် တနိုင်းမြို့နယ်အတွင်းက ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးဖို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ဘယ်လိုများ စီမံဆောင်ရွက် ထားပါသလဲရှင်။ဖြေ။ အသက် ၁၂ နှစ်ပြည့်ပြီးသား ကျောင်းသား၊ ကျောင်းသူ အလယ်တန်း၊ အထက်တန်းတွေ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အောက်တိုဘာလ ၄ ရက်နေ့က စတင်ပြီး ဆောင်ရွက်နိုင်ခဲ့ ပါတယ်။ အဖွဲ့ပေါင်း(၇)ဖွဲ့နဲ့ Computer Excel ဆင့်ပွားသင်တန်းလေး ပေးနိုင်ခဲ့ပါတယ်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဆရာ၊ ဆရာမများ ညှိနှိုင်းတိုင်ပင်ပြီး ဆွေးနွေးဆောင်ရွက်ခဲ့ပါတယ်။ ဆရာ၊ ဆရာမများကလည်း ဆေးထိုးမည့် ကျောင်းသား၊ ကျောင်းသူ စာရင်းများကို သတ်မှတ်ချက်များ ညွှန်ကြားချက်များနှင့်အညီ ဆေးထိုးပေးနှံအောင် ဆောင်ရွက်ပါတယ်။ ထပ်မံပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများနဲ့ အစည်းအဝေးကျင်းပပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ နယ်မြေပိုင်းခြားပြီး ကွင်းဆင်းတဲ့အခါ နယ်မြေမှူး၊ ရာအိမ်မှူးများ၊ အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းသားမိဘများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နိုင်ငံအဝှမ်းမှာ ထိုးနေပြီ ကျောင်းသားမိဘတွေ စည်းရုံးဆောင်ရွက်ပြီး သဘောတူညီမှုဖြင့် ဆေးထိုးတဲ့ကိစ္စကို ကြည်ဖြူစွာဖြင့် စေလွှတ်ပေးဖို့ရာ ညှိနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ပါ တယ်။ ဆရာ၊ ဆရာမများကလည်း ထပ်မံပြီး ဒေသခံကျောင်းသားမိဘတွေနဲ့ တွေ့ဆုံတယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီးတော့ ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာ ပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်အောင် ရှင်းလင်းဆွေးနွေးဆောင်ရွက်မှုတွေ လုပ်ခဲ့ပါတယ်။ ကျောင်းသားစာရင်း အတည်ပြုပြီး ကိစ္စဆောင်ရွက်တယ် တစ်ကျောင်းချင်း ကျောင်းသား၊ ကျောင်းသူ များရှိတဲ့ ကျောင်းကို သွားရောက်ဆေးထိုးဖို့ ဆေးထိုးအဖွဲ့များ၊ နယ်မြေခွဲခြား သတ်မှတ်ပြီး ဆောင်ရွက်တယ်။ ကချင်ပြည်နယ် အစိုးရအဖွဲ့ လမ်းညွှန်ချက်နဲ့အညီ ဆေးရောက်ရှိလာရင် နယ်မြေ ကွင်းဆင်းပြီး ချက်ချင်းထိုးနှံနိုင်အောင် ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ တနိုင်းမြို့နယ်အနေဖြင့် ဆေးရောက်ရှိလာမယ်ဆိုရင် ၁၆၊ ၁၇ ရက်မှာ (ပထမ)အကြိမ် ဆေးထိုးဖို့ရာအတွက် ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။
မေး။ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးတဲ့အခါမှာ အဆင်ပြေစေဖို့ ဖွဲ့စည်းတာဝန်ပေးအပ်ထားမှုနှင့် ဆောင်ရွက်ထားရှိမှုကိုလည်း သိပါရစေရှင်။
ဖြေ။ ဟုတ်ကဲ့ ကျွန်တော်တို့ဆေး ထိုးတဲ့နယ်မြေအားဖြင့်တော့ တနိုင်းမြို့နယ်ထဲမှာ ရှင်ဗွေယန်မြို့ ဆိုတာ တစ်ခုရှိပါတယ်။ တနိုင်းမြို့နယ် ဘက်အခြမ်းမှာဆိုရင် ဆေးထိုးနယ်မြေ(၄)ခု သတ်မှတ်ထား ပါတယ်။ ရှင်ဗွေယန်မှာ တစ်ခုသတ်မှတ်ပြီးတော့ နယ်မြေအားဖြင့် (၅)ခု သတ်မှတ်ထားပါတယ်။ အဲတော့ ဆေးထိုးတဲ့ အဖွဲ့တွေကတော့ တနိုင်းမြို့နယ်ထဲမှာ (၅)ဖွဲ့၊ ရှင်ဗွေယန်(၁)ဖွဲ့ဆိုပြီးတော့(၆)ဖွဲ့ ဆိုပြီး ကျွန်တော်တို့ သတ်မှတ်ထားပါတယ်။ နောက်ကျွန်တော်တို့ ဆေးထိုးစုရပ်အားဖြင့် (၁၄)နေရာ ဖြစ်တယ်။ တနိုင်းမြို့နယ်အားဖြင့် ရှင်ဗွေယန် မြို့မှာ ရပ်ကွက်(၄)ရပ်ကွက်ရှိပါတယ်။ တနိုင်းမြို့နယ်မှာ (၇)ရပ်ကွက်ရှိပါတယ်။ ကျေးရွာအုပ်စုအားဖြင့်တော့ တနိုင်းမြို့နယ်မှာ (၈)အုပ်စုဖြင့် ဖွဲ့စည်းဆောင်ရွက် ထားပါတယ်။ ဒီထဲမှာရှိတဲ့ ကျောင်းတွေက (၂၁)ကျောင်းဖြစ်ပါတယ်။ ကျောင်းဖွင့်ရာသီ ကျောင်းအပ် တုန်းက (၁၄)ကျောင်း စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဲဒီ(၁၄)ကျောင်းရဲ့ စာရင်းတွေပြုစု ကောက်ခံထား ပြီးပြီ။ မဖွင့်နိုင်သေးတဲ့(၇)ကျောင်းကိုလည်း ဆေးထိုးတဲ့လုပ်ငန်း စတင်ဆောင်ရွက်ချိန်မှာပဲ ဆက်လက် ပြီး ကျောင်းဖွင့်နိုင်ရေး ကိစ္စတွေကို စီမံဆောင်ရွက်သွားဖို့ရာအတွက် ရှိပါတယ်။ ဆေးထိုးမည့် ကျောင်းသား၊ ကျောင်းသူပေါင်းကတော့ (၄၀၀၀)နီးပါးရှိပါတယ်။ အဲတော့ဆေးထိုးအဖွဲ့တွေအားလုံး စုရပ်တွေ သတ်မှတ်ပြီး ထိုးမယ်ဆိုရင် ကျွန်တော်တို့က ဆေးထိုးစုရပ်ပေါင်း(၁၄)နေရာရှိပါတယ်။ ဆေးထိုးအဖွဲ့ကတော့ (၆)ဖွဲ့နဲ့ အဲဒီ(၁၄)စုရပ်ကို ပထမအကြိမ်မှာ အောင်မြင်အောင်ထိုးမှာ ဖြစ်ပါတယ်။
မေး။ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဖို့အတွက် အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အကြောင်းကိုလည်း ပြောပြပေးပါရှင်။
ဖြေ။ ကျွန်တော်တို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ကနေပြီးတော့ အသိပညာပေးဆိုင်ရာကိစ္စတွေ ပြည်သူ တွေထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့အတွက် အသံချဲ့စက်နဲ့ ကြော်ညာတဲ့ကိစ္စတွေ ဆိုင်းဘုတ်ထောင်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ကိစ္စတွေ ဒါတွေကို ကျွန်တော်တို့ မြို့နယ်ထဲမှာ ဆောင်ရွက်ပြီးဖြစ်ပါတယ်။ နောက်ပြီးတော့ နေ့စဉ်ညစဉ် ကျောင်းသားမိဘများအားလုံး (၁၂)နှစ် ပြည့်ပြီးသူ အလယ်တန်း၊ အထက်တန်းကျောင်းတက်သူအားလုံး ဆေးထိုးနှံဖို့ရာ ကျွန်တော်တို့ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ အုပ်စုတွေကို နှံ့နှံ့စပ်စပ် ကြော်ညာဆောင်ရွက်ပြီးဖြစ်ပါတယ်။ အများပြည်သူ လမ်းဆုံလမ်းခွတွေမှာလည်း ဗီနိုင်းပိုစတာများ ထောင်ပြီးတဲ့အခါကျရင် အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ညစဉ်ညတိုင်းမှာလဲ အသံချဲ့စက်များနဲ့ ရပ်ကွက်ကျေးရွာ အုပ်စုများ ကျွန်တော်တို့မြို့နယ် ကိုဗစ်ကော်မတီကနေပြီးတော့ မြို့ထဲမှာ ရပ်ကွက်ထဲမှာ အသံချဲ့စက်များနဲ့ လှည့်လည်ကြော်ငြာပြီး အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။
မေး။ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ဘယ်နေ့လောက်မှ စထိုးပေးမယ်ဆိုတာရယ်။
ဖြေ။ ဆေးထိုးမယ့် အသက် (၁၂) နှစ် အထက်ကျောင်းသား၊ ကျောင်းသူများတွေကတော့ ကျွန်တော်တို့ ကျောင်းဖွင့်နိုင်တဲ့ (၁၄ )ကျောင်းရယ် မဖွင့်ရသေးတဲ့ (၇) ကျောင်းရယ် စုစုပေါင်း (၂၁) ကျောင်းမှာတော့ ကျွန်တော်တို့ လျာထားကျောင်းသားဦးရေက (၄၀၀၀) ရှိပါတယ်။ အဲ့ဒီကျောင်းသား (၄၀၀၀) ကို ကျွန်တော်တို့ (၁၆) ရက် (၁၇) ရက်မှာ စတင်ပြီးတော့ ဆေးထိုးဖို့လည်း စီမံဆောင်ရွက်ထားပါတယ်။ ဆေးရောက်လာတဲ့အချိန်မှာ ချက်ချင်းထိုးဖို့ရာအတွက် ကျွန်တော်တို့က ကြိုတင်မှန်းဆပြီးတော့ နိုင်ငံတော်ရဲ့ ရည်မှန်းချက်နှင့်အညီ နယ်ဘက်တွေမှာ ၁၄၊ ၁၅၊ ၁၆၊ ၁၇ ရက် (၄) ရက် သတ်မှတ်ထား သော်ငြားလည်း ကျွန်တော်တို့က (၁၆) ရက် (၁၇) ရက်မှာဆေးထိုးဖို့အတွက် အစီအစဉ်တွေ Plan တွေ ချထားပြီးဖြစ်ပါတယ်။
မေး။ ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက်အကြံပြုချင်ပါသေး သလဲရှင့်။
ဖြေ။ ကျွန်တော်တို့ ကျောင်းသား၊ ကျောင်းသူတွေကို အပြည့်အဝ ဆေးထိုးနှံနိုင်ရေး ကျောင်းများ အားလုံး ကျောင်းဖွင့်တဲ့အချိန်မှာ ဖွင့်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ကနေပြီးတော့ ကျေးရွာအုပ်စုတွေ ကျေးရွာတွေ၊ ရပ်ကွက်တွေမှာ ကျွန်တော်တို့ ကွင်းဆင်းပြီးတဲ့အခါကြလို့ရှိရင် တာဝန်ရှိသူတွေအားလုံးနဲ့ အစည်းအဝေးတွေ ညှိနိူင်းပြီးတော့ ဆောင်ရွက်ပြီး ပြုလုပ်လျက်ရှိပါတယ်။ အဲဒါအပြင် ဆရာ၊ ဆရာမများလည်း နယ်မြေအလိုက် ကွင်းဆင်းပြီးတော့ ကျောင်းသားမိဘတွေနဲ့ တွေ့ဆုံဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျောင်းသား၊ ကျောင်းသူတွေ အားလုံးဟာ ဆေး ထိုးကို ထိုးရမှာ ဖြစ်ပါတယ်။ ဆေးမထိုးရဘူးဆိုရင် ကျန်းမာရေး၊ ကြံ့ခိုင်ရေးအတွက် အာမခံချက်ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ကလည်း တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီးတဲ့အခါကျလို့ရှိရင် မိမိဒေသမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူများအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အမြန်ဆုံး ထိုးနှံရေးအတွက် ကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူအားလုံးကလည်း ဝိုင်းဝန်းပြီးတော့ ကူညီကြဖို့ ကျောင်းသားမိဘများကလည်း သဘောတူကြည်ဖြူစွာဖြင့် ကျွန်တော်တို့၏ ဆောင်ရွက်ချက် တွေအပေါ်မှာ ပူးပေါင်းပါဝင်ပြီး၊ မိမိသားသမီးလေးတွေ နိုင်ငံတော်အတွက် အနာဂတ်ရည်မှန်းချက် အတွက် လူငယ်လူရွယ်တွေကို ကျန်းမာကြံ့ခိုင်တဲ့ သားကောင်းရတနာတွေ ဖြစ်ပေါ်လာဖို့အတွက် နိုင်ငံတော်ရဲ့ စေတနာနဲ့ ကျွန်တော်တို့က အောင်မြင်အောင်ကြိုးစားဆောင်ရွက်သွားပါမယ်လို့ ပြောကြားလိုပါတယ်။
ဝါဝါ(ပြန်/ဆက်)