ကံမမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် စတင်ထိုးနှံပေး

ကံမ  အောက်တိုဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အသက် ၅၅နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်  သူများနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ဆေးထိုးစုရပ် အသီးသီး၌ တာဝန်ရှိသူများက ယနေ့နံနက်မှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopham) အား ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံမှုမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော (Sinopharm) ဆေးအမျိုးအစားဖြစ်ပြီး ပထမအကြိမ် ထိုးနှံပြီးသူများအား ၂၈ ရက်ပြည့်မြောက်၍ ဒုတိယအကြိမ်ထိုးနှံ ပေးခြင်း ဖြစ်သည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေးထိုးခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းများ လုပ်ငန်းများ ဆောင်ရွက်ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံ သူများ၏ အမည်စာရင်း ဖြည့်သွင်းခြင်း၊  မီးသတ်တပ်ဖွဲ့ဝင်များက သက်ကြီးဘိုးဘွားများအား ကူညီဆောင်ရွက်ခြင်း လုပ်ငန်း များအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)