စဉ့်ကိုင်မြို့နယ် မြို့မစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်

စဉ့်ကိုင် ဒီဇင်ဘာ  

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့မစျေးတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအနေဖြင့်  လက်တွေ့သရုပ်ပြခြင်းနှင့်  ကွင်းဆင်းစစ်ဆေးခြင်းကို    ယနေ့ နံနက် (၁၀) နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်မင်းဆင့် နှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုရဲမှူး ဦးကျော်စိုးဦး နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ် မန်နေဂျာဦးဝင်းထိန်နှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးလှဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ် မီးသတ်ဦးစီးဌာန ဒုဦးစီးမှူးဦးဇော်မျိုးထွန်နှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့မစျေးအတွင်း ပွင့်လင်းရာသီရောက်ရှိပြီ  ဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအနေဖြင့် မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြိမ်းသတ် သရုပ်ပြခြင်း၊ စျေးအတွင်း ရောင်းချနေသည့် စျေးဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စီမံဆောင် ရွက်ထားရှိ မှုများ၊  စျေးပတ်ဝန်းကျင်တွင်  မီးလောင်လွယ်သော  အမှိုက်များ ကင်းစင်ရေး၊ သွယ်တန်း ထားသော လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှုမရှိစေရေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင် )