သထုံမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲပြုလုပ်

သထုံ ဒီဇင်ဘာ ၉

မွန်ပြည်နယ်၊ သထုံမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇင်မောင်မောင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ သထုံမြို့နယ်အတွင်း ဆောင်ရွက်မည့် ဒေသန္တရအဆိုပြု စီမံကိန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်း အမှာစကား ပြောကြားပြီး တက်ရောက်လာကြသည့် ဌာနအသီးသီးတို့က မိမိတို့ဌာနအလိုက် အဆိုပြု တင်ပြထားသည့် စီမံကိန်းလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)