မလှိုင်မြို့နယ်တွင် အိုမီခရွန် (Omicron) မျိုးဗီဇပြောင်း ရောဂါပိုး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မလှိုင် ဒီဇင်ဘာ ၉

မလှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့သည် အိုမီခရွန်(Omicron) မျိုးဗီဇပြောင်းရောဂါပိုး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့(၉)နာရီအချိန်မှ စတင်၍ မြို့ပေါ်နှင့် ကျေးလက်များပါမကျန် မြေပြင်ကွင်းဆင်း၍ ကာကွယ်ဆေးထိုးခြင်းနှင့် အသိပညာပေး လု်ပငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မလှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီကို မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌဦးစိုးမင်းထက်၊ အဖွဲ့ဝင်များအဖြစ် ဒေါက်တာတင်ဇော်ဝင်း၊ ယာယီရဲမှူးထိန်လင်းမောင်၊ ဦးအောင်ကျော်သူ၊ အတွင်းရေးမှူး ဗိုလ်မှူးဌေးသန်း၊ တွဲဖက်အတွင်းရေးမှူး ဦးအောင်ကျော်လွင် တို့ဖြင့် ဖွဲ့စည်း ထားရှိပသည်။

မလှိုင်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှစတင်၍ ရောဂါပိုးကူးစက်ဖြစ်ပွားခဲ့ပြီး အောက်တိုဘာလ ကုန်အထိ အတည်ပြုလူနာ(၈၇၄)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၈၅၇)ဦး၊ သေဆုံးသူ(၁၇)ဦး ရှိခဲ့ပါသည်။ ထို့အပြင် အိုမီခရွန်(Omicron) မျိုးဗီဇပြောင်းရောဂါပိုး ကြိုတင် ကာကွယ်ရေးလုပ်ငန်းစဉ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၆၁၈၈၈) ဦး ထိုးနှံနိုင်ခဲ့ပြီး (၂) ကြိမ်ပြည့် ထိုးနှံပြီးသူများအား ကာကွယ်ဆေး ထိုးကတ်ပြားများကို မြို့နယ်ကော်မတီမှ အချိန်နှင့် တစ်ပြေးညီ ထုတ်ပေးခဲပါသည်။ ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စွာ သွားလာ နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ထပ်မံ ကူးစက်မှုမခံရစေရေးအတွက် ကာကွယ်ဆေး (၂) ကြိမ် ထိုးနှံပြီး/မပြီး၊ ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ထားသည့် စည်းကမ်းချက်များနှင့်အညီ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ/မရှိတို့အား အသိပေး စစ်ဆေးလျက်ရှိပါကြောင်း သိရှိရပါသည်။

အောင်ဌေး(မလှိုင်)