မင်းလှမြို့နယ်၌ အခြေခံပညာ‌ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုအားပေး

အထက်မင်းလှ ဒီဇင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ အခြေခံပညာကျောင်းများကို ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် နိုဝင်ဘာလ  ၁ ရက်နေ့တွင် ကျောင်းများစတင် ဖွင့်လှစ်ခဲ့ရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြာ နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့နံနက် ပိုင်းက ကြည့်ရှုအား‌ပေး ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်အတွင်း      အခြေခံပညာ အထက်တန်းကျောင်း ၁၀ ကျောင်း၊ အထကခွဲ ၁၆ ကျောင်း၊ အလက ၃၇ ကျောင်း၊ အလကခွဲ ၂၁ ကျောင်း၊ မူလွန်ကျောင်း ၃၂ ကျောင်း၊         အမက ကျောင်း ၄၁ ကျောင်း၊ စုစုပေါင်း ၁၅၇ ကျောင်းရှိပြီး၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းစာရင်းရှိ ကျောင်းသား/ကျောက်းသူ ၂၁၀၄၄ ဦးရှိပြီး၊ ကျောင်းအပ်နှံသည့်‌ကျောင်းသား၊ ကျောင်းသူ ၁၈၈၀၅ ဦး(၈၉%)ရှိရာ၊ ကျောင်းတက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူ ၁၈၀၈၃ ဦး (၉၆%)ရှိကြောင်း မြို့နယ်ပညာ‌ရေးမှူးရုံးမှ သိရသည်။

အဆိုပါ ကျောင်းများ ဖွင့်လှစ်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉‌ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ဆရာ/ဆရာမများက သင်ကြားပေးလျက်ရှိသည်။      

မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ‌အေးချမ်းစွာ ပညာသင်ကြားနေမှုအား     မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ က ကြည့်ရှုအားပေးခဲ့ရာ  မြို့နယ်ပညာရေးမှူး ဦးဇော်ဝင်းနှင့် ဆရာ/ဆရာမများက ကျောင်းသား၊ ကျောင်းသူများကို စာသင်ကြားပေးနေမှု အ‌ခြေအနေများအား ရှင်းလင်း ပြောကြားခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့က လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)