စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး အဆင့်မြင့်ပညာနှင့် အခြေခံပညာ ဆရာ/ ဆရာမများ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲ တက်ရောက်အားပေး
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအေးလှိုင်သည် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယမန်နေ့နံနက်ပိုင်း က စစ်ကိုင်းပညာရေး တက္က္ကသိုလ် ဘွဲ့နှင်သဘင်ခန်းမ၌ ကျင်းပပြုလုပ်သည့် အဆင့်မြှင့်ပညာ/ အခြေခံပညာ ဆရာ/ ဆရာမများ ဘာသာရပ်ဆိုင်ရာသင်တန်းနှင့် စီမံခန့်ခွဲရေး စွမ်းရည်မြှင့်သင်တန်းဆင်းပွဲသို့ တက်ရောက်အားပေး ချီးမြှင့်ခဲ့ကြောင်း သိရသည်။