ကျွန်းစု ဒီဇင်ဘာ ၉
နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် (Case Management Program) (CMP) ကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်ရာ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် သက်ဆိုင်ရာ မိတ်ဖက်အဖွဲ.အစည်းများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်တရားရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မှုခင်းစီမံခန့်ခွဲမှု ဆိုသည် အမှုများကို စစ်ဆေးရာတွင် စံသတ်မှတ်ကာလအတွင်း ပြီးပြတ်စေဖို့ တည်ဆဲ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားရုံး ကအမှုနှင့် သက်ဆိုင်သူအားလုံးနှင့်အတူ ပူးပေါင်းပြီး အချိန်နှင့်တစ်ပြေးညီ ထိရောက်မြန်ဆန်စွာ စစ်ဆေးစီရင်နိုင်ဖို့ ဆောင်ရွက်ခြင်း အစီအစဉ်ဖြစ်သည်။
အစည်းအဝေးတွင် တက်ရောက်လာသူများအား မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်အကြောင်း သိကောင်းစရာ လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်တရားသူကြီးက မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်၏ ရည်ရွယ်ချက်၊ ရရှိမည့်အကျိုး ကျေးဇူး၊ အဓိကလုပ်ငန်းစဉ်များ၊ အမှုတွေကို အချိန်မီပြီးပြတ်စေဖို့ လုပ်ထုံးလုပ်နည်းများ စသည့်မှုခင်းစီမံခန့်ခွဲမှု ဆိုင်ရာများအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက် လာသူမျာမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး အစည်း အဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
CTRA(Kyunsu)