မိုင်းယောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မိုင်းယောင်း  ဇွန် ၁၈

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သည် ယနေ့ နံနက် ၁၁ နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသည့် ဝါသနာတူ ကလပ် အသင်းများဖြစ်သော Book Club Youth Club Woman Club တို့နှင့် ပူးပေါင်းပြီး စာရေးဆရာ လယ်တွင်းသားစောချစ်၏ ပန်းလိုချင် အပင်ကို ပျိုးတတ်မှစာအုပ်ဖြင့် လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ကြောင်း သိရသည်။

ယင်းသို့ စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး စာအုပ်စာပေချစ်မြတ်နိုးသူ အသင်းအဖွဲ့နှင့် စာဖတ်ဝါသနာရှင် ပြည်သူများ အချင်းချင်း မိတ်ဆက်ခဲ့ကြကာ စာရေးဆရာ လယ်တွင်းသားစောချစ်၏ ပန်းလိုချင် အပင်ကို ပျိုးတတ်မှစာအုပ်ကို မြို့နယ်ဦးစီးမှူး၊ Woman Club အဖွဲ့ဝင် ဒေါ်နန်းသန္တာကျော်ဝေ၊ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်၊ Book Club အဖွဲ့ဝင် ဦးရဲရင့်အောင်နှင့် Youth Club အဖွဲ့ဝင် ဦးစိုင်းအွန်ကျောက်တို့က အသီးသီး ဖတ်ကြားခဲ့ကြသည်။

ထို့နောက် စာဖတ်ခြင်းသည် အလိမ္မာကို ပေးစွမ်းနိုင်ရုံမက ဗဟုသုတ၊ ထိုးထွင်းဉာဏ်၊ အသိတရားတို့ကို ပေးစွမ်း နိုင်ကြောင်း၊ စာပေဝါသနာပါသူများ၊ စာဖတ်ဝါသနာပါသူများ အချင်းချင်း မိမိတို့ဖတ်ရှုထားသည်များကို ပြန်လည် ဆွေးနွေးခြင်း၊ ရရှိလာသည့် အသိပညာ ဗဟုသုတနှင့် စာပေဆိုင်ရာ အသိအမြင်များကို အပြန်အလှန် ဆွေးနွေး ဖလှယ်ခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း