မိုးရာသီတွင်မျိုးစပါးများ ဆားရည်စိမ်ခြင်းနည်းပညာနှင့်​ ဘောင်ပျိုးစနှစ်ဖြင့်ပျိုး​​ထောင်ခြင်း တောင်သူပညာပေးကွင်းလက်တွေ့ပြသ

ကော့ကရိတ် ဇွန် ၁၉

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့စိုက်ပျိုးရေးဦးစီးဌာနနှင့်ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ကော့နွဲကျေးရွာ အကျိုးဆောင်တောင်သူဦးဖုန်းမြင့်၏ လယ်မြေ၌တောင်သူများအား မျိုးစပါးဆား​ရည်စိမ်ခြင်းနည်းပညာနှင့် ​ဘောင်ပျိုးစနစ်ဖြင့်ပျိုး​​​ထောင်ခြင်း အသိပညာပေးဆွေးနွေးခြင်းနှင့် ကွင်းလက်တွေ့ပြသခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်​ ကော့ကရိတ်မြို့နယ် စီမံအုပ်ချုပ်​​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ကျော်​ကျော်ဦးက အဖွင့်အမှာစကား​ပြော​ကြားပြီး ကရင်ပြည်နယ်စိုက်ပျိုး​ရေးဦးစီးဌာန၊ ဒုပြည်နယ်ဦးစီးမှူး ဒေါ်နော်သူးလေထီးက ဓါတ်​မြေသြဇာ​စျေးနှုန်း မြှင့်တက်​နေမှုတို့​ကြောင့် သဘာဝ​​မြေသြဇာပြုလုပ်သုံးစွဲကြ​ရေး၊ ကော့ကရိတ်ခရိုင်စိုက်ပျိုး​ရေးဦးစီးမှူး ဦးသန်းကိုက​ မြေသြဇာများအား စပါးပင်သက်တမ်းအလိုက် စနစ်တကျ သုံးစွဲတက်​ရေး နည်းပညာ​ပေး​ဆွေး​နွေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးချစ်ခိုင်က​ ဘောင်ပျိုးစနစ်စိုက်ပျိုးခြင်း၏ အကျိုး​ကျေးဇူးများ၊ ပြည်နယ်စိုက်ပျိုး​ရေးမှ တာဝန်ရှိသူများက ​စိုက်ပျိုး​ရေးဆိုင်ရာကိစ္စနှင့်ပတ်သက်၍ အသီးသီးဆွေးနွေး ပြောကြားကြ သည်။

ထို​နောက် စိုက်ပျိုး​ရေးဝန်ထမ်းများသည် မျိုးစပါးဆားရည်စိမ်ခြင်းနှင့်ဘောင်စနစ်ဖြင့်ပျိုး​ထောင်ခြင်းတို့အား လက်​တွေ့ပြသ​ဆောင်ရွက်ခဲ့သည်။  အဆိုပါတောင်သူပညာပေးနှင့် ကွင်းလက်တွေ့ပြသပွဲ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်/မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစာရင်းအင်းဦးစီးဌာန၊ ဆည်​မြောင်းဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးဌာနတို့မှ တာဝန်ရှိဝန်ထမ်းများနှင့် အကျိုးဆောင်တောင်သူ(၃၀)ဦးတို့ တက်​ရောက်ကြကြောင်း သိရသည်။

ခင်မျိုးဝင်း(ပြန်ဆက်)