ဟိုင်းကြီးကျွန်းမြို့ တိုက်နယ်ပြည်သူ့ဆေးရုံသို့ ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်တင်မောင်သန်း သွားရောက်ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ

ဟိုင်းကြီးကျွန်း ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဇွန်လ ၁၇ ရက်နေ့နေ့လယ် ၁ နာရီအချိန်ခန့်က ဟိုင်းကြီးကျွန်းမြို့၊ တိုက်နယ်ပြည်သူ့ဆေးရုံသို့ ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်တင်မောင်သန်း သွားရောက်ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှုး ဗိုလ်မှူးချုပ်တင်မောင်သန်းနှင့် တာဝန်ရှိသူများသည် ဟိုင်းကြီးကျွန်းမြို့တိုက်နယ်ဆေးရုံရှိ သူနာပြုများ၊ဝန်ထမ်းများနှင့်တွေ့ဆုံကာ Covid ကာလမှစ၍ ယခုအချိန်အထိတာဝန်ကျေပွန်စွာထမ်းဆောင်နေကြသည့်အတွက် အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်းနှင့် ရှေ့ဆက်၍ ကြိုးစားလုပ်ဆောင်ကြရန် အားပေးစကား များပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး၊ ဗိုလ်မှူးချုပ်တင်မောင်သန်းနှင့် တာဝန်ရှိသူများသည် ဟိုင်းကြီးကျွန်းမြို့တိုက်နယ်ဆေးရုံရှိ သူနာပြုများ၊ဝန်ထမ်းများ စားသောက်နေ ထိုင်မှု သက်သာချောင်ချိစေရေးအတွက် ဟင်းသီးဟင်းရွက်၊ ကြက်ဥနှင့် စားသောက်ကုန်တို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆေးရုံအတွင်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)