မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ စီစဉ်မှုဖြင့်ကျင်းပသည့် “Service Quality Vs Hotel Industry” အလုပ်ရုံဆွေးနွေးပွဲတက်ရောက်

မကွေး ဇွန် ၁၉

မကွေးတိုင်း‌ဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏စီစဉ်မှုဖြင့် ကျင်းပသည့် “Service Quality Vs Hotel Industry” အလုပ်ရုပ်ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ၁နာရီ အချိန်က မကွေးမြို့ My River View Hotel တွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ မြန်မာနိုင်ငံဟော်တယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း(မကွေးဇုန်)မှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွား‌ရေးရာဝန်ကြီး ဦးအောင်ချိန်က အဖွင့်အမှာစကားပြောကြားရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်သည် နေထိုင်ရာ နိုင်ငံမြို့များသာယာလှပပြီး ဧည့်သည်များ လာရောက်လည်ပတ်ကာ ဒေသခံများအတွက် ခရီးသွားလုပ်ငန်းမှ အလုပ်အကိုင်စီးပွားရေးဖြစ်ထွန်းရာဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းရည်မှန်းချက် အောင်မြင်ရန်အတွက် မဟာဗျူဟာ(၆)ရပ်ဖြင့် ချမှတ်ဆောင်ရွက်လျက်ရှိရာ Develop Quality Product and Serviceသည် အရေးကြီးပြီးပြည်တွင်းပြည်ပ ဈေးကွက်များ ရရှိမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းပြည်ပခရီးသွားဒေသဖြစ်ရန်အတွက် Ecotourism Tourists site များ၊ ဒေသအစားအစာစားသောက်ဆိုင်များ၊ ရိုးရာယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ် ခရီးစဉ်များအား ခရီးသွားဧည့်သည်များ ပိုမိုသိရှိရန် လိုအပ်သည့်အပြင် ဟော်တယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍရှိဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်မှု အရည်အချင်း ပြည့်ဝစေရေး အတွက် ယခုလိုအလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ၍ အတွေ့အကြုံများ ဆွေးနွေးဖလှယ်ခြင်းဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ တိုးတက်အောင်မြင့်လာမည့် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီသွားညွှန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူး ဦးဇော်လွင်ထက်က အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ၊ မကွေးတိုင်းဒေသကြီးအား ပြည်တွင်းပြည်ပ ခရီးသွားဒေသတစ်ခုဖြစ်ရန် မိမိတို့ဦးစီးဌာနအနေဖြင့် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဆက်လက်၍လည်း စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၊ ဥပဒေဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ သည်။

ထို့နောက် မြန်မာနိုင်ငံဟော်တယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(မကွေးဇုန်)မှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များမှ Service Quality Vs Hotel Industry ခေါင်းစဉ်ဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုအောင်