ပန်းတောင်းမြို့နယ်တွင် တရားရုံးအဆောက်အဦသစ် ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပ

ပန်းတောင်း ဇွန်  ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် တရားရုံးအဆောက်အဦသစ် ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ်တရားရုံးရှေ့တွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

တရားရုံးအဆောက်အဦသစ်ဖွင့်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဦးလှမျိုးရွှေ၊ တိုင်းဒေသကြီးတရား သူကြီးချုပ်ဒေါ်လွင်လွင်အေးကျော်တို့ကတရားရုံးအဆောက်အဦသစ်အားဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက တရားရုံးအဆောက်ဦသစ်ကမ္ဗည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်၍ အမွှေးနံ့သာပက်ဖျန်းပြီး စုပေါင်း မှတ်တင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ အဖွင့်အမှာစကားကြားပြီး၊Royal prome Co.Ltd ၏ တာဝန်ရှိသူတစ်ဦးမှ ရုံးအဆောက်အဦသစ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ရုံးအဆောက်အဦ သစ်နှင့်သက်ဆိုင်သော စာရွက်စာတမ်းများကိုRoyal Prome Co. Ltd ၏မန်းနေဂျင်းဒါရိုက်တာ ဦးကျော်လင်းငြိမ်းမှ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်သိန်းသိန်းနှင်းထံသို့ လွှဲပြောင်းပေးခဲ့ပြီး တရားရုံးသစ်ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများပေးအပ်ကာ မြို့နယ်တရားသူကြီးဦးမြမင်းဟန်က ကျေးဇူးတင်စကားပြောကြားပြီး ရတနာရွှေမိုးငွေမိုးများ ရွာသွန်းခဲ့ကြောင်း သိရသည်။

တက်ရောက်လာသော ဧည့်သည်တော်များမှ ပန်းတောင်းမြို့နယ် တရားရုံးအဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)