ပြင်စလူမြို့၌ သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်စိုက်ပျိုးနည်း အကြောင်း အသိပညာပေး Talk show ဆွေးနွေးပွဲကျင်းပ

ပြင်စလူ ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၁ နာရီ အချိန်က သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော် စိုက်ပျိုးနည်းအကြောင်းအသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြင်စလူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးTalk showဆွေးနွေးပွဲတွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးမှူး ဒေါ်အိအိမွန်က Onlin မှတစ်ဆင့် ပြည်သူလူထုအား အသိပညာပေး ဆောင်ရွက်လျက်ရှိ ကြောင်းနှင့်သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်စိုက်ပျိုးနည်းအကြောင်း ပတ်သက်၍ မေးခွန်းများမေးမြန်းဆွေးနွေးခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူးဦးကျာ်စိုးမိုးက ပိုက်ဆံလျှော်မျိုးစေ့ တစ်ဧကလျှင် ထည့်သွင်းအသုံးပြုရပုံကိုလည်းကောင်း၊ သစ်စိမ်းမြေသြဇာ မြေကြီးအတွင်းသို့ ထည့်သွင်းခြင်း ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ အကြောင်းကို အသိပညာ ပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ယောဧရာ (မြို့ပြန်/ဆက်)