ဒိုက်ဦးမြို့နယ်၌ လယ်ယာကဏ္ဍတွင် စက်မှုလယ်ယာစနစ် ပြည့်ဝစွာ ပြောင်းလဲရန် ရည်ရွယ်၍ လက်ကိုင်ရှည်လက်တွန်းထွန်စက်တွင် လူထိုင်စီးပြီး သမန်းမွှေခြင်း သရုပ်ပြပွဲအားကျင်းပ

ဒိုက်ဦး ဇွန် ၁၉

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ တောင်သူများမိုးစပါးဖွံဖြိုးတိုးတက်ရေး၊ မြေဆီလွှာဖွံဖြိုးတိုးတက်ရေးအတွက် လက်ကိုင်းရှည်ကိရိယာတွင် လူထိုင်စီး၍ သမန်းမွှေကိရိယာဖြင့် ထွန်ယက်ခြင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီမှ ၁၂ နာရီအချိန်ထိ ဒိုက်ဦးမြို့နယ်၊ ကတုတ်ဘုရားကြီးတောင်သူ ဦးမျိုးမြင့်အောင်၏ လယ်၌ ကျင်းပပြုလုပ်သည်။

သရုပ်ပြပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စက်မူလယ်ယာဦးစီးဌာနမှူး ဦးသီဟကျော်စွာ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးဇော်သိန်းနိုင် မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ဒေသခံတောင်သူများတက်ရောက်အားပေး လေ့လာခဲ့ကြသည်။

ထယ်ရေးသရုပ်ပြပွဲတွင် မြို့နယ်စက်မူလယ်ယာဦးစီးဌာနမှ လက်ကိုင်းရှည်လက်တွန်းထွန်စက် လူထိုင်စီး၍ သမန်းမွှေကိရိယာဖြင့် ထွန်ယက်ပြသခဲ့ပြီး ဝယ်ယူအသုံးပြုလိုသည့် တောင်သူများမှ သိလိုသည်များ မေးမြန်းခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)