အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး‌ဟောပြောပွဲ ညောင်ရွှေ၌ ကျင်းပ

ညောင်ရွှေ ဒီဇင်ဘာ ၁၇

အမျိုးသမီးများအားအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး‌ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ညောင်ရွှေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပကြောင်း သိရသည်။

ဟောပြောပွဲတွင် ခရိုင်အမျိုးသမီးကော်မတီအတွင်းရေးမှူး ဒေါ်မိုးမိုးစန်းက အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေးနှင့် အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များကို အသိပညာ ပေး‌ ဟောပြောခဲ့သည်။ ထို့နောက် အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး‌ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။ အဆိုပါဟောပြောပွဲသို့ ပြည်နယ်အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

နေမျိုးသူရိန်