ပုသိမ် ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့တွင် မီးဘေးလုံခြုံရေးအထူးကျွမ်းကျင်မှု(ဆင့်ပွား)သင်တန်း (Multiplier Course on Fire Safety Specialist)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူးဦးအောင်ဆွေဝင်းက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ မီးဘေးလုံခြုံရေး အထူးကျွမ်းကျင်မှု(ဆင့်ပွား)သင်တန်း (Multiplier Course on Fire Safety Specialist)ကို မီးသတ်တပ်ဖွဲ့ဝင်များ အနာဂတ်ကာလတွင် ရင်ဆိုင်ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုများအား ရင်ဆိုင်ကျော်လွှားနိုင်ရန်၊ တပ်ဖွဲ့အတွင်း Men Power ၊ Equipment Power များ တိုးတက်လာခြင်းနှင့်အညီ Technology Power ကိုပါ ဟန်ချက်ညီညီ စဉ်ဆက်မပြတ်တိုးတက်လာပြီး ဌာန၏ရည်မှန်းချက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူရရှိနိုင်စေရန်နှင့် တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းစွမ်းဆောင်ရည်များ စဉ်ဆက်မပြတ် တိုးတက်မြင့်မားနေစေရေးအတွက် နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသော ခေတ်မီမီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ နည်းပညာရပ်များအား စဉ်ဆက်မပြတ် လေ့လာသိရှိနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
သင်တန်းတွင် မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ အဆင့်မြင့် မီးငြှိမ်းသတ်ရေးဆိုင်ရာ သင်ခန်းစာများ၊ အန္တရာယ်ရှိဓါတုဗေဒပစ္စည်းများအကြောင်း၊ နိုင်ငံတစ်ဝန်းလုံးတွင် တိုးမြှင့်တည်ဆောက်လာသည့် စက်ရုံ/အလုပ်ရုံ၊ ဟိုတယ်/မိုတယ်၊ အထပ်မြင့်အဆောက်အအုံများ မီးဘေးလုံခြုံရေးနှင့်အရေးပေါ်လွတ်မြောက်မှုဆိုင်ရာ ရှု့ထောင့်များမှ အဆောက်အအုံများ၏ Structural Design နှင့်ကိုက်ညီသည့် ထည့်သွင်းတပ်ဆင်တည်ဆောက်ရမည့် ခေတ်မီ Fire Protection System များ အကြောင်းကို ၁၆.၁၂.၂၀၂၄ ရက်နေ့မှ ၂၀.၁၂.၂၀၂၄ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းမှ အရာရှိတပ်ဖွဲ့ဝင်(၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
လှမင်းထွဋ် (ပြန်/ဆက်)