ကျိုက်လတ်မြို့နယ်ပြည်သူ့ဆေးရုံရှိ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ

ကျိုက်လတ် ဒီဇင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟသည် ယမန်‌နေ့နေ့လယ်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ပြည်သူ့ဆေးရုံရှိ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟသည် ကျိုက်လတ်မြို့နယ်ပြည်သူ့ဆေးရုံရှိ လူနာဆောင်များ၊ ခွဲစိတ်ခန်းများ၊ ဓာတ်မှန်ခန်းများနှင့် လူနာထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့ပြီး အခမ်းအနားသို့ရောက်ရှိကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မောင်၊ ဆရာဝန်များ၊ သူနာပြုဆရာမများ၊ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)