မိုင်းပန်မြို့နယ်၌ မိုးစပါးဘက်စုံတောင်သူများအား မျိုးစပါး(Cs) ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားပြုလုပ်

မိုင်းပန် ဇွန် ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မိုးစပါးဘက်စုံတောင်သူများအား မျိုးစပါး(Cs)ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်(၈:၃၀)နာရီခွဲအချိန်က စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုပြည်နယ်မှူးဦးငြိမ်းထွန်းက မိုးစံပါး(Cs)နှင့် စားသုံးဆီများအကြောင်းကို အဖွင့်အမှာစကားပြောကြားပြီး လင်းခေးခရိုင်မှခရိုင်မှူး ဦးမျိုးမင်းသန့်က မိုင်းပန်မြို့နယ်၏ အဓိကစိုက်ပျိုးရေးဖြစ်သည့် ကြက်သွန် ဖြူနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း ဘက်စုံစံပြစိုက်ပျိုးရေးလုပ်ငန်းများကိုလည်းကောင်း၊ မိုးစပါးစိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုပြည်နယ်မှူးဦးငြိမ်းထွန်း၊ ခရိုင်ဦးစီးမှူး ဦးမျိုးမင်းသန့်၊ မိုင်းပန်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌဦးဟန်ဇော်မြင့်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်လာကြသည့် တောင်သူ(၁၈)ဦးအား မျိုးစပါး (Cs)အိတ်များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ရာ တောင်သူတစ်ဦးချင်းစီမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်မှူး ဦးငြိမ်းထွန်း၊ လင်းခေးခရိုင်မှ ခရိုင်မှုးဦးမျိုးမင်းသန့်၊ မိုင်းပန်မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဟန်ဇော်မြင့်၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများတက် ရောက်ခဲ့ကြောင်း သိရသည်။

မိုင်းပန်(ပြန်/ဆက်)