မင်းလှ ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ မိုးစပါး RS-CS မျိုးစေ့ထုတ် စံပြကွက်စိုက်ပျိုးသရုပ်ပြခြင်း ဝက်လှကြီးအုပ်စု၊ ညောင်နီကုန်းကျေးရွာအနီး ကွင်းအမှတ်(၁၁၀၄)၊ တောင်သူဦး ထွန်းဇော်၏ လယ်မြေ (၁၀) ဧက၌ ယမန်နေ့လည် ၃ နာရီချိန်က ဆောင်ရွက်ခဲ့သည်။
စိုက်ပျိုးပွဲသို့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးဦးထွန်းထွန်းအောင်နှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တတ်ရောက် ခဲ့ကြသည်။
အဆိုပါစပါးမျိုးသည် စိုက်ပျိုးရက်(၁၁၀)ရက်ခန့်ကြာမြင့်ပြီး တစ်ဧကလျှင် အထွက်နှုန်း (၁၅၀)တင်းကျော် ထွက်ရှိနိုင်၍ မျိုးကောင်းမျိုးသန့် စပါးမျိုးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးထံမှ သိရသည်။
သန့်ဇင်စိုး