ပျဉ်းမနား ဇွန် ၂၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ပြည်သူ့စာကြည့်တိုက်များအခန်းကဏ္ဍမြှင့်တင်နိုင်ရေးနှင့် စာကြည့်တိုက်မှူးများ၏ အခန်းကဏ္ဍမြှင့်မားရေးအတွက် သမားရိုးကျစာကြည့်တိုက်လုပ်ငန်းစနစ်မှ Digital Library စနစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးe-Library Management System Software အသုံးပြုနည်းသင်တန်း (၃/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်စိုးက “ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)အနေဖြင့် ခရိုင်နှင့်မြို့နယ်များမှာရှိတဲ့ ပြည်သူ့စာကြည့်တိုက်များတွင် သမားရိုးကျစနစ်နဲ့ ဆောင်ရွက်လျက်ရှိသည့် စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ စာငှားလုပ်ငန်းများကို ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာများနဲ့အညီ Digital စနစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် e-Library Management System Softwareကို အချိန်ယူလေ့လာပြင်ဆင် ရေးဆွဲဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဦးစားပေးဆောင်ရွက် သွားမည့်ရုံးများတွင် Internet လိုင်းများ ပိုမိုကောင်းမွန်ရေးအတွက် စီစဉ်ဆောင်ရွက်ခြင်းများအပြင် လိုအပ်သည့် စက်ပစ္စည်းများဖြည့်ဆည်းနိုင်ရေးကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်သူ့စာကြည့်တိုက်များတွင် Digital Library စနစ်ဖြင့် စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ Software အသုံးပြုနည်းသင်တန်းတွေ စီစဉ်ဖွင့်လှစ်ပေးခဲ့ရာ ယခုသင်တန်းသည် တတိယအကြိမ်မြောက်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်ကြားပိုချပေးတဲ့ပညာရပ်တွေကို စနစ်တကျလေ့လာသင်ယူပြီး Software ပိုင်ဆိုင်ရာ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် လက်ရှိမြေပြင်တွင်ဆောင်ရွက်နေရသည့် လုပ်ငန်းအတွေ့ အကြုံများဖြင့် ဖြည့်ဆည်းဆောင်ရွက်သင့်တဲ့ အကြံပြုချက်တွေကိုလည်း သင်တန်းမှာ ဆွေးနွေးဆောင်ရွက်သွားကြရမှာဖြစ် ကြောင်း’’ အဖွင့်အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ စာကြည့်တိုက်လုပ်ငန်း လုပ်ဆောင်နေကြသည့် ဝန်ထမ်း(၃၁)ဦးတို့တက်ရောက်လျက်ရှိပြီး ဇွန်လ(၂၀)ရက်နေ့မှ (၂၄)ရက်နေ့အထိ e-Library Management System Software အသုံးပြုနည်းပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မင်းလွင်(ပြန်/ဆက်)