ဒေးဒရဲမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာမူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲအား ယနေ့နံနက်(၁၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ Bakery အမျိုးမျိုးထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းခေတ်မီစံပြကျေးရွာတွင် ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော Bakery  အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းကို ယနေနံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာတွင် ပြုလုပ်သည်။

မချမ်းဘော့မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ရာသီတုပ်ကွေးရောဂါမဖြစ်‌စေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကျောင်းသား ကျောင်းသူများ မိုးရာသီတုပ်ကွေးရောဂါ ကူးစက်မှုမရှိစေရန်အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၆ နာရီအချိန်တွင် အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သိန္နီမြို့နယ်တွင် စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များနှင့် ဂိုဒေါင်များတွင် တရားမဝင် စိုက်ပျိုးရေးပစ္စည်းများ ရောင်းချခြင်းရှိ /မရှိ စစ်ဆေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် စိုက်ပျိုးတောင်သူများ သီနှံများ စိုက်ပျိုး ရာတွင်  စိုက်ပျိုးရေးဓာတ်မြေသြဇာများ အသုံးပြုမှုမှန်ကန်နိုင်ရေး၊ စိုက်ပျိုးရေးသုံးပစ္စည်း အရောင်း ဆိုင်များနှင့် ဂိုဒေါင်များတွင် တရားမဝင်ဖြန့်ဖြူးရောင်းချမှုရှိ /မရှိ စစ်ဆေးခြင်းကို

တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ဆက်လက်ထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများဖြစ်သည့် အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌လည်း ထိုးနှံပေးသည့်အတွက် ယနေ့နံနက်ပိုင်းက “လွယ်လွမ့်” ပရဟိတပညာရေးကျောင်း၌ ထိုးနှံပေးသည်။

သနပ်ပင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နံရံကပ်စာစောင်ပြပွဲနှင့်

မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသား/ အမျိုး သမီး ကြက်တောင်ပြိုင်ပွဲ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

မော်လမြိုင်မြို့၌ မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက် ၂၅ နှစ် အောက်အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်အားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးများမွေးမြူရေးသင်တန်းဖွင့်

စိုက်ပျိုးရေး‌၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊လွိုင်လင်နှင့်လင်းခေးခရိုင် ငါးလုပ်ငန်း ဦးစီးဌာန၏ စီစဉ်မှုဖြင့် ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးမွေးမြူရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မိုးနဲမြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်

မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ယနေ့မွန်းလွဲ  ၁နာရီခွဲအချိန်က ဒို့ကျေးရွာဂျာနယ်အတွဲ(၁၉)၊ အမှတ်(၁၀)စာစောင်မှ စာရေးဆရာရွာသားဖိုးမောင်ရေးသားသည့် “ပညာနှင့်တူသောအလင်းရောင်”ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပခဲ့သည်။
Subscribe to