မန်တုံ ဇွန် ၂၀
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ယနေ့မွန်းလွဲ ၁နာရီခွဲအချိန်က ဒို့ကျေးရွာဂျာနယ်အတွဲ(၁၉)၊ အမှတ်(၁၀)စာစောင်မှ စာရေးဆရာရွာသားဖိုးမောင်ရေးသားသည့် “ပညာနှင့်တူသောအလင်းရောင်”ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိဒေါ်ယုယုအောင်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနများ၌ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းဖြင့် အဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွကတတ်ရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာအုပ်စာပေမှရရှိသောဗဟုသုတများဖြင့်အများ အကျိုးဆောင်ရွက်နိုင်စေရန်၊ လူတိုင်းစာဖတ်ခြင်းအလေ့အထဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက်မောင် သူရိန်ဆွေအောင်(Grade-8)မှ ပညာမတတ်သူတွေဟာ လောကအတွက် အန္တရာယ်ပါ၊ ပညာဟူသည်အကောင်းအဆိုး၊အကျိုးအပြစ်၊အမှန်အမှား၊အရင်းအဖျား၊အဓိကနှင့်သာမညတို့ကို ခွဲခြားတတ်ခြင်းကိုခေါ်ဆိုကြောင်း၊ မရွှေအိမ်စံ(Grade-8)မှအကြောင်းရင်းတရားကို စဉ်းစားဆင်ခြင်၍ လည်းကောင်း၊ သုံးသပ်ဝေဖန်၍လည်းကောင်း၊ အဖြေရှာကြရသည်။ ခေါင်းဆောင်ဟူသည်အရည် အသွေးရှိခဲ့သူဖြစ်ကြောင်း ထင်သာမြင်သာ သောဥပဓိအင်္ဂါရပ်များရှိ၊ မရှိကိုအကဲခတ်သိရှိနိုင်ကြောင်း၊ မလွေးအေးဆိုင်(Grade-8)မှ စိတ်ပိုင်းဆိုင်ရာကိုယ်ကျင့် တရား၊ယဉ်ကျေးမှု၊ စိတ်နေစိတ်ထားဖြူစင်မြင့် မြတ်မှု၊ မေတ္တာစေတနာစာနာနားလည်ခြင်းရှိတတ်မှု၊ သည်းခံခွင့်လွတ်နိုင်မှု၊ အနစ်နာခံတတ်မှု၊ စွန့်လှူနိုင်မှုတို့ကို လေ့ကျင့်ပျိုးထောင် ကြရမည်ဖြစ်ကြောင်း အစရှိသည်များကို တက်ရောက်လာသူ ကျောင်းသား၊ကျောင်းသူများမှတစ်ဦးချင်း ဖတ်ကြားကြပြီး ခေါင်းစဉ်ပါအကြောင်းအရာများ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
မန်တုံ(ပြန်/ဆက်)