သနပ်ပင် ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်အုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ပြုလုပ်သည့် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲသို့ ရပ်ကွက်နေပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်မျာကို စိတ်ဝင်တစားဖတ်ရှုလေ့လာကြသည်။
သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဌာန (Community Centre)ခန်းမတွင် အထိမ်းအမှတ်နေ့ရက်များ၌ ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိလာစေရန်ရည်ရွယ်၍ လစဉ်ပြပွဲ၊ ပြခန်း၊ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှမိုး (ပြန်/ဆက်)