မချမ်းဘော့ ဇွန် ၂၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကျောင်းသား ကျောင်းသူများ မိုးရာသီတုပ်ကွေးရောဂါ ကူးစက်မှုမရှိစေရန်အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၆ နာရီအချိန်တွင် အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းဝင်းသာယာလှပရေး ရာသီတုပ်ကွေးကူးစက်မှု မရှိစေရေးနှင့် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရာ၌ အဆင်ပြေချောမွေ့စေရေးအတွက် ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတူးဂျာ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မြင့်နိုင်ဦး၊ မြို့နယ်မီးသတ်တပ်ဖွဲ့ တပ်ကြပ်ကြီး ဦးအောင်မိုင်တို့ ဦးဆောင်မှုဖြင့် မြို့နယ်ထွေအုပ်၀န်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၀င်များနှင့် မီးသတ်တပ်ဖွဲ့၀င်များ စုစုပေါင်းအင်အား (၄၄)ဦးသည် အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း၌ ခြုံနွယ်မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရှင်းလင်းပေးခြင်းနှင့် တံမြက်စည်း လှည်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)