မြိတ်မြို့တွင် ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပါရှိမှသာ ခရီးစဉ်လက်မှတ် ရောင်းချပြီး လိုက်ပါစီးနင်းခွင့်ပြုမည်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ အခြေပြုပြေးဆွဲနေသည့် လေကြောင်းလိုင်းနှင့် မော်တော်ယာဉ် လိုင်းများတွင် လိုက်ပါသွားလာကြမည့် ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပါရှိ သူများကိုသာ ခရီးစဉ်လက်မှတ်ရောင်းချ၍ ခရီးသည်ပို့ဆောင်ပေးကြရန် သက်ဆိုင်ရာမှ ညွှန်ကြားထား ကြောင်း သိရသည်။