တန့်ယန်း ဇွန် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများဖြစ်သည့် အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌လည်း ထိုးနှံပေးသည့်အတွက် ယနေ့နံနက်ပိုင်းက “လွယ်လွမ့်” ပရဟိတပညာရေးကျောင်း၌ ထိုးနှံပေးသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရီရီထွေးနှင့် တာဝန်ရှိသူတို့ကကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ “လွယ်လွမ့်” ပရဟိတပညာရေးကျောင်း ကျောင်းအကျိုးတော်ဆောင်များနှင့် ဆရာ/ဆရာမများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် ဝေဠုဝန်၊ အောင်မင်္ဂလာ၊ ရွှေမောင်းကျောင်းတို့တွင်လည်း ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)