ဒေးဒရဲ ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာမူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲအား ယနေ့နံနက်(၁၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် အခြေခံပညာမူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲအား ကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး သုတ၊ ရသစာအုပ်များအားပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက ပူးပေါင်းသယ်၊ ဘောလုံးသယ်နှင့် ဗန်းရွက်အားကစားနည်းများကို တပျော်တပါး ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
အေဇာလင်း (ပြန်/ဆက်)