မိုးနဲ ဇွန် ၂၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊လွိုင်လင်နှင့်လင်းခေးခရိုင် ငါးလုပ်ငန်း ဦးစီးဌာန၏ စီစဉ်မှုဖြင့် ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးမွေးမြူရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မိုးနဲမြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မိုးနဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားပြီး လွိုင်လင်နှင့်လင်းခေးခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းမြင့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ဒေသတွင်းပြည်သူများအနေဖြင့် ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးများ မွေးမြူရေးဆိုင်ရာ သိသင့်သိထိုက်သည့် အခြေခံအချက်အလက်များကို နားလည်တတ်ကျွမ်းစေရန်နှင့် ငါးမွေးတောင်သူများမှ ငါးမွေးမြူရေးဆိုင်ရာ အခြေခံအချက်အလက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် ဒေသတွင်းငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကိုငါးလုပ်ငန်းဦးစီးဌာနမှနည်းပြ သုံးဦးကငါးမွေးမြူသူ တောင်သူ ၄၅ ဦးကို ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုမွေးမြူရေးနှင့်စပ်လျဉ်းသည့် ဘာသာရပ်များကို နှစ်ရက်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)