ကျောင်းအခြေပြုတီဘီရောဂါရှာဖွေဖော်ထုတ်ခြင်း လုပ်ငန်းကွင်းဆင်းဆောင်ရွက်

ကျိုက်မရော ဒီဇင်ဘာ ၁

မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအခြေပြု တီဘီရောဂါရှာဖွေဖော်ထုတ်ခြင်းကို ယမန်နေ့ နံနက် ၁၁နာရီက အ.ထ.က ကျိုက်မရော(ပညာ့အားမာန်)ခန်းမ၌ ပြုလုပ်သည်။

ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေခြင်း၌ ပါဝင်သော ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးမှူး အဆင့်(၁)ဒေါ်ရီဝင်းက တီဘီရောဂါအကြောင်းအသိပညာပေးဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါသံသယလက္ခဏာများ ရှိ/မရှိ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ပေးခဲ့ရာ တီဘီရောဂါသံသယလက္ခဏာတွေ့ရှိသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်တီဘီတိုက်ဖျက်ရေးဌာနသို့ ညွှန်းပို့ခြင်း၊ တီဘီရောဂါ ရှိ/မရှိ စမ်းသပ်စစ်ဆေးပေးခြင်း၊ ဓါတ်မှန်ရိုက်ခြင်း၊ သလိပ်စစ်ဆေးခြင်းတို့ကို ကွင်းဆင်းရှာဖွေဖော်ထုတ်ပေးပြီး ပိုးတွေ့ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်တီဘီတိုက်ဖျက်ရေးဌာနမှ တီဘီဆေးတိုက်ကျွေးခြင်းများကို စနစ်တကျဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အားလုံး၌ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ချိုမြတ်မြတ်ထွေး