ကော့သောင်းမြို့၌ ရွှေဆိုင်လုပ်ငန်းရှင် အခွန်ထမ်းပြည်သူများအား အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းမြို့နယ်အတွင်းရှိ ရွှေဆိုင်လုပ်ငန်းရှင် အခွန်ထမ်းပြည်သူများအား အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့နယ် အခွန်ဦးစီးဌာနရုံး၌ ကျင်းပသည်။

မောက်မယ်မြို့နယ်၌ ရှမ်းပြည်နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းခြင်း၊ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အသစ်ရွေးချယ်တင်မြောက်ပွဲကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအသစ်ရွေးချယ်တင်မြောက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခြေခံပညာဆရာများ သာတူညီမျှမှုကိုအခြေခံသော ဆရာအတတ်ပညာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြှင့် မြို့နယ်အဆင့် သင်တန်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာဆရာများအတွက် သာတူညီမျှမှုကိုအခြေခံသော ဆရာအတတ်ပညာစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အညွှန်းဘောင်ဆိုင်ရာအရည်အသွေးမြှင့်(မြို့နယ်အဆင့်) သင်တန်းကို မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ခုနှစ် ဆောင်းသီနှံနေကြာ မျိုးစေ့ချစိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဝဲဒေါင့်ကျေးရွာအုပ်စု၊ စိုက်ပျိုးရေးဦးစီးဌာနဦးဆောင်၍ ကွင်း/ကွက်အမှတ်(၁၁၆၈/ခ)၊ ဦးပိုင်အမှတ်(၁၄/၇)၌ ဆင်းရွှေကြာ (၂) နေကြာ မျိုးစေ့စိုက်ပျိုးပွဲကို တောင်သူ ဦးမြင့်ဇော် လယ်မြေ၌ ယနေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်သည်။

ပခုက္ကူမြို့နယ်တွင် အခြေခံပညာ ဆရာ၊ ဆရာမများ၏ အရည်အသွေးမြှင့်ဆင့်ပွားသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် အခြေခံပညာ ဆရာ၊ ဆရာမများ၏ အရည်အသွေးမြှင့်ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သည်။

ကျောက်တန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြင့်မားရေး ဆွေးနွေးပွဲကျင်းပ

သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံဆရာ/မ များအတွက်သာတူညီမျှကို အခြေခံသောဆရာအတတ်ပညာ စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြင့်မားရေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း (သော်က ) သောကရတနာခန်းမ၌ ကျင်းပခဲ့သည်။

ဘုတ်ပြင်းမြို့နယ် အလယ်မန်ကျေးရွာ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘုတ်ပြင်းမြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်း(၃)”စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က အလယ်မန်ကျေးရွာအုပ်စု အလယ်မန်ကျေးရွာ အမှတ်(၂)ရပ်ကွက် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကံမမြို့နယ်တွင် အခြေခံပညာအထက်တန်း အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်များ အရည်အသွေးမြှင့်သင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာဆရာများအတွက် သာတူညီမျှမှုကို အခြေခံသော ဆရာအတတ်ပညာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ထားဝယ်မြို့၌ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီက ကျင်းပပြုလုပ်သော အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ဂန့်ဂေါမြို့၌ ၂၀၂၅ခုနှစ်၊ ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူးဖလား အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ၂၀၂၅ခုနှစ်၊ ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူးဖလား အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲက ခရိုင်ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ဂန့်‌ဂေါခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဆွေဦးနှင့် ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင် များ/မိသားစုဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
Subscribe to