ရေတာရှည်မြို့နယ်အတွင်း၌ E-cigarette and Vape များ ရောင်းချခြင်းမပြုရန် စစ်ဆေးခြင်းနှင့်အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်

ရေတာရှည် ဒီဇင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ E-cigarette and Vape များ ရောင်းချခြင်းမပြုရန် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ရေတာရှည်၊ ဆွာ၊ သာဂရနှင့် မြို့လှမြို့တို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ တာဝန်ရှိသူများက ယမန်နေ့နေ့လယ် ၁ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့စသည့်ပူးပေါင်းအဖွဲ့သည် စတိုးဆိုင်များ၊ ကုန်စုံဆိုင်များ၊ မုန့်ဆိုင်များ၊ ဖုန်းဆိုင်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ ဆိုင်ပိုင်ရှင်များအား အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။                

လူလတ်ပိုင်းလူငယ်များက ဆေးလိပ်အစားထိုးဟုဆိုကာ ဓာတုအခိုးအငွေ့များကို ရှူရှိုက်မှုတ်ထုတ်၍ စတိုင်ထုတ်သည့်ပုံစံဖြင့် သုံးစွဲနေကြပြီး အဆိုပါ E-cigar ette and Vape သည် ဘေးထွက်ဆိုးကျိုးများရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ စစ်ဆေးတွေ့ရှိရသဖြင့် ပြည်သူများ၏ ကျန်းမာရေးနှင့်အသက်အန္တရာယ်မရှိစေရေးအတွက် စျေးကွက်အတွင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် ရောင်းချခြင်းမပြုကြရန် အသိပညာပေးခြင်းကို ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရှိရ သည်။

ရေတာရှည်(ပြန်/ဆက်)