ဗိုလ်တထောင် ဒီဇင်ဘာ ၁၇
ဗိုလ်တထောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အခမ်းအနားမှူးသင်တန်းဖွင့်လှစ်ခဲ့သည်။
ပထမဦးစွာ အခမ်းအနားကို ဗိုလ်တထောင်မြို့နယ် စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က အခမ်းအနားမှူးသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များပြောကြားခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ၂ ဦးအောင်မိုးကျော်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညွန့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် သင်တန်းကို မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က ဆက်လက်ပို့ချခဲ့ပြီး၊ သင်တန်းနည်းပြများဖြစ်သော တောင်ဥက္ကလာပမြို့နယ် ဦးစီးအရာရှိဒေါ် ခင်ဆွေနှင်းနှင့် ဒေါပုံမြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်စုဝေတို့က သင်ခန်းစာများကို ဆက်လက်သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ ဒီဇင်ဘာ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၃ ရက်ဖြစ်ပြီး စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
ခင်ဝင်း (ပြန်/ဆက်)