ဘိုကလေး ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ မြို့မဈေးကြီးတွင် ယမန်နေ့နံနက် (၉)နာရီအချိန်၌ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မီးဘေးလုံခြုံရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုနှင့်အတူ သရုပ်ပြဆောင်ရွက်ခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ဇာတ်တိုက်လေ့ကျင့်သရုပ်ပြရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ ဈေးသူဈေးသားများ တက်ရောက်ကြပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းအောင်က မြို့မဈေးကြီး၏ မီးဘေးလုံခြုံရေးအတွက် လိုက်နာရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များအား အသိပညာပေးဟောပြော၍ ဂက်(စ်)မီးဖိုမီးတောက်မှုအား မီးငြိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး၊ Poan ဆေးရည်(အမြုတ်ဆေးရည်)အသုံးပြု၍ မီးငြိမ်းသတ်နည်းတို့အား သရုပ်ပြ၍ ဇာတ်တိုက်လေ့ကျင်ရာသို့ တက်ရောက်လာကြသူများနှင့်အတူ ဇာတ်တိုက်လက်ကျင့် လက်တွေ့မီးငြိမ်းသတ်စေခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များကလည်း မီးသတ်ယာဉ်၊ မီးသတ်ပိုက်များ အသုံးပြု၍ ရေစိုလေ့ကျင့်ခန်းများ လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
မိုးစက်(ပြန်/ဆက်)