ဖြူး ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လူငယ့်အားမာန် စိုက်ပျိုးရေးနှင့်လုပ်ငန်းစုံ သမဝါယမအသင်း၏ ဆောင်းရာသီစိုက်ပျိုးရေးကဏ္ဍအနေဖြင့် ဆီထွက်သီးနှံဆောင်းနေကြာအား ဒီဇင်ဘာပထမအပတ်မှစတင်စိုက်ပျိုးခဲ့ရာ ဧက(၂၀)ခန့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဦးဝင်းလှိုင်ထံမှ သိရသည်။
ဖြူးမြို့နယ်အတွင်း ဆီထွက်သီးနှံဆောင်းနေကြာ (၇၁၆၈)ဧက စိုက်ပျိုးနိုင်ရေးလျာထားပြီး လျာထားချက်ပြည့်မီစွာ စိုက်ပျိုးပြီးစီးကြောင်း၊ ဆောင်းနေကြာစိုက်ပျိုးရာတွင် သီးသန့်စိုက်ပျိုးခြင်းနှင့် အခြားမြေပဲ၊ မတ်ပဲသီးနှံများကြားတွင် ပင်ကြားတန်းကြား စိုက်ပျိုးကြကြောင်း သိရသည်။
လူငယ့်အားမာန် စိုက်ပျိုးရေးနှင့်လုပ်ငန်းစုံသမဝါယမအသင်းပိုင်မြေတွင် ဆီထွက်သီးနှံဆောင်းနေကြာ (၂၀)ဧကအပြင် ဆောင်းနှမ်းလည်း စိုက်ပျိုးကြောင်းနှင့် ဖြူးမြို့နယ်အတွင်း ဆီထွက်သီးနှံနေကြာ စိုက်ပျိုးမှုလျာထားချက် ပြည့်မီကျော်လွန်ရေး၊ အထွက်နှုန်းကောင်းရေး မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းကြီးကြပ်မှုကော်မတီဝင်များက ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)