ကျိုတ်လတ် ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုတ်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွတ်၊ ၈ ဖြတ်လမ်းတွင် အကြိမ်(၈၀)မြောတ် မဟာဒုတ်ဘုရားကို တစ်နှစ်တာ ပင့်ဆောင်၍ အပူဇော်ခံခွင့်ရရှိမည့် ဘုရားဒါယကာ၊ ဒါယိကာမ ရွေးချယ်ပွဲကို ယမန်နေ့ ညနေ(၅)နာရီက စတင်ကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆတ်လတ်၍မဟာဒုတ် ဘုရားပွဲတော်ကျင်းပရေးကော်မတီမှ နာယကတစ်ဦးဖြစ်သူဦးစိန်ရီက ဘုရားပွဲတော် ကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြား၍ မဟာဒုတ်ဘုရားကို တစ်နှစ်တာ ပင့်ဆောင် အပူဇော်ခံခွင့်ရရှိမည့် ဘုရားဒါယကာ၊ ဒါယိကာမ ရွေးချယ်ပွဲ စတင်ခဲ့ရာ ည(၉း၅၀)နာရီတွင် ဘုရားဒါယိကာမ ပေါ်ထွတ်လာခဲ့သည်။
မဟာဒုတ်ဘုရားကို တစ်နှစ်တာပင့်ဆောင်၍ အပူဇော်ခံခွင့်ရရှိမည့် ဘုရားဒါယိကာမကြီးမှာ လှည်းဆိပ်ကျေးရွာနေ ဒေါ်ဆုမြတ်ဖြစ်ကြောင်း သိရသည်။ မဟာဒုတ်ဘုရားပွဲတော်ကို နတ်တော်လဆန်း (၁၃)ရတ်နေ့မှစ၍ လပြည့်ကျော် (၁)ရတ်နေ့အထိ ကျင်းပခြင်းဖြစ်ပြီး ပရိတ်တရားတော်၊ ပဋ္ဌာန်းတရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဆွမ်းတော်ကြီး ဆတ်ကပ်လှူဒါန်းခြင်း၊ စာရေးတံမဲချ၍ သံဃာတော်များအား အရုဏ်ဆွမ်း ဆတ်ကပ်လှူဒါန်းခြင်း၊ စတုဒိသာများ ကျွေးမွေးခြင်းများဖြင့် စည်ကားစွာကျင်းပခဲ့ပြီး နတ်တော်လဆန်း(၁၄)ရတ်နေ့နှင့် လပြည့်နေ့ည၌ အောင်စိုးမိုး ချစ်ပိုင်ဟိန်း မင်္ဂလာဆိုင်းအဖွဲ့ဖြင့် ဧည့်ခံဖျော်ဖြေခဲ့ပြီး လပြည့်ကျော် (၁)ရတ်နေ့ ယနေ့(၄) နာရီမှစ၍ ညောင်ငူကျောင်းတိုတ် ဆရာတော်နှင့် အလှူရှင်များကလည်း ထမင်း၊ ဟင်း နှင့် စားသောတ်ဖွယ်ရာ မျိုးစုံတို့ဖြင့် စတုဒိသာ ကျွေးမွေးခြင်း နှင့် ရွှေတံဆိပ်ဆုများရှင် KB မင်းသမီးရွှန်းလဲ့မေ ဖွဲ့စည်းတည်ထောင်ထားသော ရွှေပန်းချီ မအူပင်မြို့ ဖျော်ဖြေရေးအဖွဲ့မှ ဘုရားဖူးလာပြည်သူများအား ဧည့်ခံဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မင်းအောင်