ဓနုဖြူမြို့နယ်အတွင်းရှိ အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဉ်း၍  ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်

မအူပင် ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဓနုဖြူမြို့၊ ရပ်ကွက်၂၊ ရပ်ကွက် ၃၊ ရပ်ကွက် ၄ အတွင်းရှိ မုန့်မျိုးစုံအရောင်းဆိုင် (၁၂)ဆိုင်တွင် ရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

အဆိုပါပူးပေါင်းအဖွဲ့သည် စျေးကွက်အတွင်းရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများမှ ကန့်သတ်တားမြစ်ထားသည့် မုန့်များ ရောင်းချခြင်းရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ် ဖြစ်စေနိုင်သောမုန့်များ ရောင်းချနေမှုရှိ/မရှိတို့အား စစ်ဆေးခဲ့ကြပြီး သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော အသင့်စားမုန့်များအား စျေးကွက်အတွင်း ရောင်းချကြရန်နှင့် စျေးကွက်အတွင်း ရောင်းချခြင်းမပြုသည့် မုန့်များကို ရှောင်ရှားကြရန် ဆိုင်ရှင်များအား အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)