မြောင်းမြ ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ.ထ.က (၁)၊ ပညာရတနာခန်းမတွင် ၂၃ ကြိမ်မြောက် မြန်မာ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်များ နေ့စဉ်ကြိုးစားလေ့ကျင့်လျက်ရှိရာ ယနေ့ ညနေ ၄ နာရီက ခရိုင်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး ဦးဆောင်၍ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက် ၍ လေ့ကျင့်နေသည့် ပြိုင်ပွဲဝင်များ၏ အခြေအနေများအား ကြည့်ရှု၍ လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ မြို့နယ်တို့မှ အဆိုဘာသာရပ်တွင် ဝါသနာရှင် (ဒုတိယတန်း) မဟာဂီတ၊ ခေတ်ဟောင်း/ကာလပေါ်၊ အမျိုးဂုဏ်ဇာတိဂုဏ် မြင့်မားရေး တေးသီချင်း၊ အခြေခံ အသက် (၁၀- ၁၅)နှင့် ( ၁၆-၂၀) ခေတ်ဟောင်း/ ကာလပေါ်၊ အကဘာသာရပ်တွင် ဝါသနာရှင် ( ဒုတိယတန်း) တပင်တိုင်အက၊ အခြေခံ အသက်( ၁၅-၂၀)နှင့် (၁၀-၁၅) တပင်တိုင်အက၊ မွန်တိုင်းရင်းသားရိုးရာအက၊ ကဗျာလွတ်အက၊ အရေးဘာသာရပ် တွင် ဝါသနာရှင် (ပထမတန်း)၊ အတီးဘာသာရပ်တွင် ဝါသနာရှင် (ဒုတိယတန်း) တစ်ဦးချင်း ဆိုင်း၊ အခြေခံ အသက် (၁၀-၁၅) တစ်ဦးချင်း စန္ဒယားနှင့် တစ်ဦးချင်းတယော၊ အခြေခံ အသက်(၁၀-၁၅) နှင့် (၁၅-၂၀) တို့တွင် တစ်ဦးချင်းဆိုင်း၊ အခြေခံအသက် (၁၀- ၁၅)တွင် အဖွဲ့လိုက်အိုးစည်တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
မြောင်းမြ မြို့နယ်တွင် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ခရိုင်အဆင့် ကျင်းပပြုလုပ် မည်ဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီးအဆင့်၊ ဗဟိုအဆင့်တို့အထိ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် လေ့ကျင့်ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြောင်းမြခရိုင် ပြန်ဆက်