ဘုတ်ပြင်း ဇွန် ၂၃
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့်နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နေ့လယ်က အုန်းတောကမ်းကျေးရွာ မူလွန်-အုန်းတောကမ်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက မူးယစ်ဆေးဝါသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ ဖြစ်ပေါ်နိုင်သည့် နောက်ဆက်တွဲပြဿနာများ မူးယစ်ဆေးဝါအန္တရာယ်နှင့်ပတ်သက်သည်များကို အသိပညာပေးပြောကြားခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မူးယစ်ဆေးဝါးအန္တရာယ်ပတ်သက်၍ မှတ်တမ်းဓာတ်ပုံများ၊ နံရံကပ်စာစောင်များပြသထားရာ ကျောင်းသား၊ ကျောင်းသူများစိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြသည်။ ယင်းနောက် နယ်လှည့်စာကြည့်တိုက်အဖြစ် ကျောင်းသားကျောင်းသူများဖတ်ရှုရန် စာအုပ်စာစောင်များအား ရသစာအုပ်(၅၀) အား ရက်သတ္တပတ် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)