ကျောက်ကြီး ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့နံနက်ပိုင်းက နတ်သံကွင်း ကျေးရွာအုပ်စုရှိ တောင်သူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ တောင်သူများ ၂၀၂၂ ခုနှစ် မိုးသီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ ဒေသခံတောင်သူများအား စိုက်ပျိုးစရိတ် အခက်အခဲမဖြစ်ပေါ်စေရန် ကြွေးကျေပြီးသား တောင်သူများအား ထုတ်ချေးပေးခြင်းဖြစ်သည်။
ကျောက်ကြီးမြို့ တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ကျေးရွာအုပ်စု (၃၃)အုပ်စုရှိ ခန့်မှန်း တောင်သူ(၇၈၄၉)ဦး၊ မိုးရာသီစိုက်ပျိုးဧက (၅၅၀၅၈) ဧကကို တစ်ဧကလျှင် တစ်သိန်းခွဲနှုန်း ထုတ်ချေး ပေးသွားမည်ဖြစ်ပြီး အတိုးနှုန်းတစ်နှစ်လျှင် ၅ ရာခိုင်နှုန်း သတ်မှတ်၍ အချိန်စေ့လွန် ကြွေးကျန်မရှိသော တောင်သူများကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့တွင် နတ်သံကွင်းကျေးရွာအုပ်စုအတွင်းရှိ ခန့်မှန်းတောင်သူ(၃၂၆)ဦး၊ ခန့်မှန်းစိုက်ပျိုးဧက (၂၄၅၅)ဧက၊ ခန့်မှန်းချေးငွေ (၃၆၈.၂၅၀.၀၀၀/-) သိန်းအား (ကျပ်သုံးထောင်ခြောက်ရာ ရှစ်ဆယ့်နှစ်သိန်းငါးသောင်း) ထုတ်ချေးပေးလျက်ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဦးစောလှဝင်းအောင်ထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်