မြောင်းမြ ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် သွေးလွန်တုပ်ကွေး ကာကွယ် နှိမ်နှင်းရေးလုပ်ငန်းများကို ကျောင်းများ၊ ရပ်ကွက်၊ ကျေးရွာများတွင် နေ့စဉ် ဆောင်ရွက်လျက်ရာ ဇွန်လ ၂၂ ရက်နေ့တွင် အ.ထ.က ၁ ကျောင်းနှင့် အမှတ် ၈ ရပ်ကွက်များသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့၊ အခြားဌာနဆိုင်ရာများ၊
ကြက်ခြေနီအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတလူမှုရေးအသင်းများက စုပေါင်း၍ အ.ထ.က ၁ ကျောင်း စာသင်ဆောင် အခန်းများအတွင်းတွင် ခြင်ဆေးအငွေ့မှုတ်ခြင်း၊ နေအိမ်များတွင် ခြင်များအလွယ်တကူ ပေါက်ဖွားနိုင်သည့် ရေစည်၊ ရေပုံးများ၊ ရေတွင်း၊ ရေကန်များ၊ ရေမြောင်းများတွင် ပိုးလောက်လန်း အလွယ်တကူ ပေါက်ဖွားမှုမရှိစေရန် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ခိုအောင်း ပေါက်ဖွားမှုမရှိစေရန် အသိပညာပေးပြောကြားခြင်းများ၊ ခြင်ဆေးအငွေ့မှုတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြောင်းမြခရိုင် ပြန်ဆက်