သာစည်မြို့ လူထုခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါး အသိပညာပေး Talk Show ပြုလုပ်

သာစည် ဇွန် ၂၃

မိတ္ထီလာခရိုင်၊ သာစည်မြို့ လူထုခြေပြုဗဟိုဌာန  Community Centre ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီချိန်က  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းက  ဇွန်လ ၂၆ ရက်‌နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိ ပညာပေးဆွေးနွေးပွဲ  ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။  

ထို‌နောက် မြိုနယ်ရဲတပ်ဖွဲမှုး ရဲမှူးကျော်ကျော်က သာစည်မြို့နယ်အတွင်းမူးယစ်ဆေးဝါးလျော့နည်းပပျောက်ရေးနှင့်ပက်သတ်၍ တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ အသိပညာ ပေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ ၊ မူးယစ်ဆေးဝါးဖော်ထုတ်ဖမ်းဆီးရရှိမှု အခြေအနေများဆွေးနွေးခဲ့ပြီး ပြည်သူများအနေဖြင့်လည်း မူးယစ်ဆေးဝါးလျော့နည်းပပျောက်ရေး လုပ်ငန်းစဉ်များတွင်   ဝိုင်းဝန်းကူညီ၍ ပူးပေါင်းပါဝင်ကြရန် ဖြည့်စွက်ဆွေးနွေးသည်။

ဆက်လက်၍ မြိုနယ်ဥပဒေအရာရှိ  ဦးသဲကိုထွန်းက ဆွေးနွေးရာ မူးယစ်ဆေးဝါး အလွဲသုံးမှုတို့တွင် သိ၍ဖြစ်စေ၊မသိ၍ဖြစ်စေ  ပြည်သူများအနေဖြင့်  အပစ်ပေးအရေးယူခံရမှုမရှိစေရေး သိရှိထားသင့်သည့် မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေများနှင့် ပြစ်မှုပစ်ဒဏ်များကို အကျယ်တဝင့် အသိပညာပေးရှင်းလင်းဆွေး‌နွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)