ဒေးဒရဲမြို့ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေး

ဒေးဒရဲ ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေ များကို ၂၀၂၂ ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့က စတင်၍ ပင်စင်စားများ၏ လက်ဝယ်အရောက် ထုတ်ပေးလျက်ရှိကြောင်း သိရ သည်။

ဒေးဒရဲမြို့နယ်တွင် အငြိမ်းစားပင်စင်စားဦးရေ (၁၀၁၈) ဦးရှိပြီး သက်ကြီးပင်စင်စားများနှင့် နာမကျန်းသူများအား ဦးစားပေး၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိသည်။ အဆိုပါ ပင်စင်လစာငွေများကို လစဉ်(၂၁)ရက် နေ့မှ (၂၃)ရက်နေ့အထိ နံနက်(၈)နာရီမှ စတင်၍ လာရောက်ထုတ်ယူသူအားလုံးကို ထုတ်ပေးလျက်ရှိပြီး၊ ကျန်ရှိသူများ ကို အစိုးရ ရုံးပိတ်ရက်များမှအပ ကျန်ရက်များတွင် ဘဏ်ဖွင့်ချိန်အတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ  သိရသည်။

အေဇာလင်း